ရည်ရွယ်ချက်
အွန်လိုင်းဖူးစာရေး website ကို စတင်ဖွဲ့စည်းခဲ့တာကတော့ ၂၆-၈-၂၀၁၂
ကဖြစ်ပါတယ် ။ ဆိုဒ်ကလေးရဲ့ရည်ရွယ်ချက်ကတော့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး..
ဒီလိုပါပဲ လက်ကမြင်း လိုက် တာ ပါ ခင်ဗျာ ...
အလည်အပတ်ရောက်ရှိလာသူ မိတ်ဆွေသူငယ်ချင်းများအတွက် ပြည့်စုံ အောင် ဖန်တီး
ပေးသွားမှာပါခင်ဗျာ...
ယခု လောလောဆယ် ပြည့်စုံမှုမရှိသေးတဲ့ အတွက် အနူးအညွှတ် ပဲ တောင်းပန်ပါတယ် ..
ဝိုင်းဝန်းကူညီပေးကြပါဦး...ခင်ဗျာ
Tuesday, June 25, 2013
How to Install Myanmar Fonts on Android
ကျွန်တော် အဆင်ပြေအောင် အဆင့် (3) ဆင့်နဲ့ ရှင်းပြပေးပါ့မယ်။
Step (1) Installing of Root Explorer
Step (2) Installing of Zawgyi Fonts
Step (3) Installing of Frozen Keyboard
ပထမဆုံး
အနေနဲ့ Root Explorer ကို Install လုပ်ပါ့မယ်။ Root Explorer ဆိုတာလဲ File
Mananger Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ သူ့ကို
install လုပ်လဲ ဆိုတော့ Zawgyi Fonts သွင်းတဲ့နေရာမှာ ကျွန်တော်တို့က
android ရဲ့ system file ထဲကို ၀င်ပြီး ထည့်ပေးရမှာပါ။ အဲဒီအတွက် Roots
Explorer က ပိုအဆင်ပြေပါတယ်။
အရင်ဆုံး အောက်မှာ ကျွန်တော် ပေးထားတဲ့ File ကို Download ဆွဲလိုက်ပါ။ အဲဒီမှာ Myanmar Fonts For Android ဆိုပြီး Zip File ရလာပါမယ်။
အဲဒီထဲကမှ
အရင်ဆုံး Root Explorer ကို အရင်သွင်းပါမယ်။ Root Explorer ကို
သွင်းဖို့အတွက် Phone ထဲက Unknown Source ကိုဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။
Setting > Application > Unknown Source အဲဒီလမ်းကြောင်းအတိုင်း သွားလိုက်ပါ။ Unknown Source ကို အမှန်ခြစ်ပေးလိုက်ပါ။ တစ်ကယ်လို့ သတိပေးစာ ပေါ်ခဲ့၇င်လဲ OK သာ နှိပ်ပေးလိုက်ပါ။
Download ဆွဲထားတဲ့ File ကို phone ရဲ့ SD Card ထဲကို ထည့်ထားပါ။
ကိုယ့်ရဲ့
phone ထဲက File Manager ကိုဖွင့်ပါ။ ဒါကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး
ပုံစံ ကွာခြားတက်ပါတယ်။ အဲဒီ File Manager ထဲကမှတစ်ဆင့် SD Card ထဲကို copy
ထည့်ထားတဲ့ Root Explorer.apk ကိုရှာပါ။ တွေ့ပြီဆို၇င် အဲဒီ .apk file လေးကို နှိပ်ပြီး install ကိုနှိပ်လိုက်ယုံပါပဲ။
ဒါဆို ကျွန်တော်တို့ Roots Explorer ကို install လုပ်လို့ ပြီးသွားပါပြီ။
Installing of Zawgyi Fonts
Zawgyi
Fonts Install လုပ်ဖို့အတွက် အစောက ထည့်ထားခဲ့တဲ့ Root Explorer
ကိုဖွင့်ပါ။ software ကိုဖွင့်ဖွင့်ခြင်းမှာ Superuser Request ဆိုပြီး
လာတောင်းခဲ့ရင် Allow ကိုနှိပ်ပေးလိုက်ပါ။ Root Explorer ဖွင့်တာနဲ့ /
ထဲကို ရောက်နေပါလိမ့်မယ်။ အဲဒါက Roots လို့ ခေါ်ကြတဲ့ Directory ပါပဲဗျာ။
အဲဒီထဲကမှ မိမိရဲ့ SD Card ကိုရှာပါ။
SD
Card ထဲကို ရောက်သွားပြီဆိုရင် Download ဆွဲထားတဲ့ Folder ထဲမှာ Zawgyi
Fonts ဆိုတာ ပါပါတယ်။ အဲဒီထဲက DroidSans.ttf ဆိုတဲ့ File ကိုရှာပါ။
DroidSans.ttf ကို တွေ့ပြီဆိုရင် 3 စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါ။
Option
တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲကမှ Copy ကိုရွှေးပြီး copy ကူးပါ။ အောက်မှာ Paste
နဲ့ Cancel ကိုမြင်ရပါလိမ့်မယ် ဘာမှ မနှိပ်မိပါစေနဲ့ ။
Phone ထဲက Back ခလုတ်ကို နှိပ်ပြီးပဲ / ကိုပြန်ရောက်အောင် ထွက်ခဲ့လိုက်ပါ။
/
ထဲကို ရောက်ပြီဆိုရင် system Folder ကိုရှာပါ။ အဲဒီ system folder ထဲကမှ
fonts ဆိုတဲ့ folder ထဲကို ထပ်ဝင်ပါ။ အဲဒီ အချိန်ကျမှ paste ခလုပ်ကို
နှိပ်လိုက်ပါ။
Warning
Box တစ်ခု တက်လာပါလိမ့်မယ် ။ read only ဖြစ်နေလို့ copy ကူးလို့ မရဘူးလို့
ပြောတာပါ။ အပေါ်နားက permission နေရာမှာ Mount R/W ကို တစ်ချက်
နှိပ်လိုက်ပါ။ Mount R/O ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒါဆို Write
လုပ်လို့ ရသွားပါပြီ ။ Paste ကို ပြန်နှိပ်လိုက်ပါ။
တစ်ကယ်တော့
DroidSans.ttf ဆိုတဲ့ နာမည်က Android Fonts ရဲ့ နာမည်ပါ။ ကျွန်တော်တို့က
zawgyi fonts ကို android fonts နဲ့ အစားထိုးလှည့်စားလိုက်တဲ့ သဘောပါ။
အဲဒီအတွက် Zawgyi fonts ဆိုတဲ့ နာမည်က DroidSans.ttf ဆိုပြီး ကျွန်တော်
ပြောင်းထားလိုက်တာပါ။ စာဖတ်သူ ရှုပ်သွားမှာဆိုးလို့ ကျွန်တော် တစ်ခါတည်း
ပြောင်းပြီး upload တင်ပေးလိုက်တာပါ။ အခု paste လုပ်လိုက်တဲ့အခါ Warning
box တစ်ခု ထပ်တက်လာပါလိမ့်မယ်။ DroidSans.ttf ဆိုတဲ့ Fonts က
ရှိပြီးသားကြီး ဖြစ်နေပါတယ်ဆိုတဲ့ Warning ပါ။ Overwrite လုပ်မှာ ဖြစ်တဲ့
အတွက် Yes ကိုပဲ နှိပ်ပေးလိုက်ပါ။
နောက်ဆုံး
အဆင့် တစ်ခု ကျန်ပါသေးတယ်။ အခု ကျွန်တော်တို့ overwrite လုပ်ပြီး
ထည့်လိုက်တဲ့ DroidSans.ttf ဆိုတဲ့ Fonts ကို Permission ပေးရပါမယ်။
အဲဒီအတွက် DroidSans.ttf ပေါ်မှာ 3 စက္ကန့်လောက်ဖိထားလိုက်ပါ။ permission
ကိုရွှေးပြီး အားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ ok
ကိုနှိပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါပြီ .. အစောက ပြောင်းခဲ့တဲ့ Mount R/O
ကို Mount R/W ဖြစ်သွားအောင် ပြန်ပြောင်းပေးခဲ့လိုက်ပါ ။ မှားဖျက်မိတဲ့
အန္တရယ်က ကာကွယ်ပြီးသားရတာပေါ့ ။
အခုဆိုရင်
Zawgyi fonts ကို Install လုပ်ပြီးပါပြီ။ မြန်မာလို ရေးထားတဲ့ message တွေ
၊ website တွေကို ကြည့်လို့ ရသွားပါပြီ ။ ဒါပေမဲ့
ကျွန်တော်တို့ကိုယ့်ဘာကိုယ်တော့ စာရိုက်လို့ မရသေးဘူးဗျ ။
ဘာဖြစ်လို့လဲဆိုတော့ Keyboard မထည့်ရသေးဘူးလေ ….
အခု
ကျွန်တော် DroidSans.ttf ဆိုတဲ့ File ကို အစားထိုးပြီး Zawgyi Fonts
ထည့်နည်းကို ပြောခဲ့ပါတယ်။ ကျွန်တော် upload တင်ထားတဲ့ download Folder
ထဲမှာက DroidSansFallback.ttf ဆိုတဲ့ fonts တစ်ခုလည်း ပါပါသေးတယ် ။ အကယ်၍
တစ်ချို့ဖုန်းတွေမှာ DroidSans.ttf ကို ထည့်လို့မှ မြန်မာလို
မပေါ်ခဲ့ဘူးဆိုရင် DroidSansFallback.ttf ကိုပါ အပေါ်က ပြောခဲ့တဲ့
နည်းအတိုင်း ထပ်ထည့်ပေးလိုက်ပါ။ DroidSans.ttf ကိုထည့်လို့ မြန်မာလို
ပေါ်ခဲ့ရင်တော့ ထပ်မထည့်ပါနဲ့ ။
Zawgyi Keyboard သွင်းနည်း
Zawgyi
Keyboard ထည့်သွင်းဖို့အတွက်လဲ ကျွန်တော်ပေးထားတဲ့ ထဲက
FrozenKeyboard_1.1.3.apk ကို SD Card ထဲ ထည့်ပြီး Software ကို Install
လုပ်လိုက်ပါ။
Install လုပ်ပြီးသွားရင်တော့ မိမိ Phone ထဲက Setting ထဲကို ၀င်ပါ။
အဲဒီထဲမှာမှ Frozen Keyboard ဆိုတာ နှစ်ခု ပေါ်နေပါလိမ့်မယ်။ တစ်ခုက Setting အတွက်ပါ။
အရင်ဆုံး
ကျွန်တော်တို့က Frozen Keyboard ကို ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Frozen
keyboard Settings ဆိုတာ မပါတဲ့ကောင်ကိုပဲ အမှန်ခြစ်နှိပ်ပေးလိုက်ပါ။
အဲဒီမှာ သတိပေးတဲ့ message တစ်ခု ပေါ်လာပါလိမ့်မယ်။ OK ကိုသာ နှိပ်ပေးလိုက်ပါ။
ကိုယ့်ရဲ့ မြန်မာစာ keyboard က တစ်ကယ်အလုပ်မလုပ်ကို Message မှာ စမ်းရိုက်ကြည့်ပါ။
Message
ပို့တဲ့နေရာကို သွားလိုက်ပါ။ အဲဒီမှာ မြန်မာလို ရိုက်ဖို့ မပေါ်သေးပါဘူး ။
စာရိုက်တဲ့ အကွက်ကလေးမှာ 3 စက္ကန့်လောက်ဖိထားပြီး Input Method ထဲကနေမှ
Frozen Keyboard ကို ရှာပြီး ရွှေးပေးလိုက်ပါ။
အဲဒါဆိုရင်တော့
Keyboard ပုံစံ ပြောင်းသွားပါပြီ ။ အင်္ဂလိပ်ကနေ မြန်မာစာ ပြောင်းဖို့
အတွက်လဲ (ABC <> ကခ) ခလုတ်ကလေးနဲ့ အလွယ်တစ်ကူ ချိန်းပြီး
အသုံးပြုနိုင်ပါတယ် ။
Subscribe to:
Post Comments
(
Atom
)
About Me
ဆွေးနွေးခန်း
ကဗျာရှိုးဖိတ်ခေါ်ခြင်း
မိမိ တို့ ကိုယ်ပိုင်စိတ်ကူးဖြင့်ရေးစပ်ထားသော ကဗျာများပေးပို့ရမည်ဖြစ်သည် ပေးပို့သောကဗျာများအား
အွန်လိုင်းဖူးစာwebsite တွင်အသုံးပြုပေးပါမည်။ တစ်ပတ်အတွင်း
comments အများဆုံးပေးခံရသူအယောက်(၂၀)အား ဆိုဒ်တာဝန်ခံ ကျွှန်တော် ရှိုင်းသူအောင်(motherlove.son528@gmail.com) မှ မိမိတို့စိတ်ကြိုက် Flashsong တစ်ပုဒ် ကို ရေးသားပေးသွားမည်ဖြစ်ပါသည်။
အားပေးမှုကို အထူးပင်ကျေးဇူးတင် ပါသည်....။
Text widget
အမှတ်(၁)ရပ်ကွပ်၊နယ်မြေ(၄)
ရန်ကုန်-မန္တလေးလမ်း၊
" အမှတ်(၉၅၉)ဆောက်လုပ်ရေး
အင်ဂျင်နိယာတပ်ခွဲ၊လားရှိုးမြို့။ "
(ရှိုင်းသူအောင်) အွန်လိုင်းဖူးစာ website
ရန်ကုန်-မန္တလေးလမ်း၊
" အမှတ်(၉၅၉)ဆောက်လုပ်ရေး
အင်ဂျင်နိယာတပ်ခွဲ၊လားရှိုးမြို့။ "
(ရှိုင်းသူအောင်) အွန်လိုင်းဖူးစာ website
ဂျူး၏ဝတ္ထုများအပိုင်း(၁)
ဂျူး - ">ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့
ဂျူး - ">လရဲ့အောက်ဖက်မိုင်အဝေးမှာ
ဂျူး - ကံကြမာကိုမယုံကြသူများ
ဂျူး - ကျွန်မ၏သစ်ပင်
ဂျူး -ကြယ်ကြွေတို့အတောင်ပံ
ဂျူး - ကျွန်မချစ်တြဲ့မို့တစ်မြို့
ဂျူး - ချစ်သူရေးတဲ့ကျွန်မ၏ည
ဂျူး - မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်
ဂျူး - ကြယ်စင်တံတားကမ်းပါးနှင်းဖြူ
ဂျူး-ဆဲတတ်သူများနှင့် တစ်ညနေ
ဂျူး- ကျွန်မတို့မိန်းမတွေ - ၀တ္ထုတို
ဂျူး - ရဲရင့်သော နှလုံးသား-၀တ္ထုတို
ဂျူး - တွေ့ချင်လှပြီ-၀တ္ထုတို
ဂျုး - အ၀ါရောင်ရထား (၀တ္ထုတို)
ဂျူး - ရေမျောသီး - ၀တ္ထုတို
ဂျူး - ဖျားနေတဲ့မြို့-၀တ္ထုတို
ဂျူး - နာမည်နဲ့အသက်-၀တ္ထုတို
ဂျူး - မိန်းမနှစ်ယောက်-၀တ္ထုတို
ဂျူး - အနှပညာရှင်များနဲ့စံလက်ရာများ - ၀တ္ထုတို
ဂျူး - ကောင်းကင်မပါသောည (၀တ္ထုတို)
ဂျူး - သူတို့တွန်းအားကြောင့်ကျွန် တော်လုပ်မိသွားတာပါ
ဂျူး - မြရဲ့လ-၀တ္ထုတို
ဂျူး - ကမ္ဘာမြေရဲ့ချစ်သူ
Blog Archive
-
▼
2013
(
55
)
-
▼
June
(
29
)
- How to Install Myanmar Fonts on Android ဒီပိ...
- mmflashsong ကဆော့ဝဲလ်လေးတွေပါ
- window 7 တင်နည်း
- တူစက်ခါမှရွာပါမိုး
- ချစ်သူနှင့်Chatting
- ကွန်ပြူတာအသုံးပြုရာ၌ သိသင့်သည့် Shrotcut Key များ
- ~~~~ယခုဆိုဒ်လေးကြောင့် သင့်အတွက်တစ်စုံတစ်ရာ အကျို...
- မြန်မာ စာလုံး လှလှလေးတွေ
- ဗုဒ္ဓဘာသာကို စော်ကားနေသော "စေတမန်"
- ကြက်သားငြုတ်သီးကြော်နှင့်ငွေနှင်းမှိုကြော်
- ကိုယ်ယောင်ဖျောက်မနှင်းဆီ
- လူတွေအပေါ် ဘယ်လို လွှမ်းမိုးနိုင်မလဲ
- အင်တာဗျူးကို မကြောက်ကြနဲ့တော့
- ဆက်ဆံရေးကောင်းစေဖို့နည်းလမ်းကောင်းများ
- သူဘယ်လိုယောက်ျားလဲ
- အချိန်ပိုတစ်နာရီ ဆုတောင်း
- ခက်တယ်
- ပေးဆပ်အချစ်
- မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲ
- သူမကဆူးနှင်းဆီ ကျွန်တော်က.......
- မျက်လှည့် ~ (၀ိုင်းစုခိုင်သိန်း)
- ချစ်တယ်ဟုတ် ~ (Bunny Phyo)
- ဘဝသစ်ရဲ့မာတိကာ ~ Reason ( အောင်လ )
- ကဗျာ
- Twist Game (Underground Album) ~ (လွှမ်းပိုင် Vs J Ki)
- မြန်မာ ဗွီဒီယိုများ
- မြန်မာဗွီဒီယိုများ
- ဆိုတေး ~ (မီးအိမ်ရှင်)
- SPECIAL TRIP အပြည်ပြည် ဆိုင်ရာခရီးသွားမှ အထူးဝန်...
-
▼
June
(
29
)
No comments :
Post a Comment