
ပင်ယံထက်မှာ အပွင့်တွေဝေ
မြင်ရသူမှာ ချစ်စရာမို့
နှင်းဆီပန်းလေး ရနှံ့မွှေးမွှေး
ခူးဆွတ်ဖို့ရာ ဟန်တွေပြင်မိ .....
နှင်းဆီဆူးကို မြင်မိပါလဲ
သူ့အလှနဲ့ သူ့ရနှံ့က
လူကိုရစ်မူး ရမ္မက်ထူးကို
ဆွဲဆောင်ခဲ့လို့ ဆူးလဲဆူးစေ
နှင်းဆီဆူးတွေ ဆူးစေတော့လို့
သတ္တိမွေးကာ ဆွတ်ယူလိုက်မိ........
နှင်းဆီပန်းကို ဥပမာတင်
သူမနဲ့သာ ယှည်ရရင်တော့
ဆူးဆူးခံသော ကျွန်တော့်လက်မှာ
ဒဏ်ရာတွေသာ ရလာတာမို့
ဆူးနှင်းဆီကို ချစ်ပါသော်လည်း
နမ်းရှိုက်ခွင့်တွေ မသာခဲ့ပြီ.......
ဒဏ်ရာလက်နဲ့ မလှမ်းဝံ့ပြီ.......
သူမကတော့ ဆူးနှင့်နှင်းဆီ .......
ကျွန်တော်ကတော့ ကျန်ရစ်ခဲ့ပြီ.......
မိုးစက်မောင်မောင်(ရွှေညာသား)
No comments :
Post a Comment