
မူပိုင်ရှင်ရယ်....
မနှင်းဆီကို သိပ်လွမ်းနေသလားကွယ်....။
တကယ်တော့ မနှင်းဆီ
ကိုယ်ယောင်ဖျောက်တာ
စိမ်းကားလို့မဟုတ်ပါဘူး...
အမှောင်ထဲက
ထိုင်ကြည့်နေတာလဲ မဟုတ်ပါဘူး...
မနှင်းဆီပျောက်နေတာ
ခုတလော...
လိုင်း(အွန်လိုင်း)တွေကျကျနေလို့ပါ.....။
မူပိုင်ရှင်ရဲ့
ကြော်ငြာမောင်းခတ်မှုကြောင့်
တလောကလုံးမှာလည်း
မနှင်းဆီသတင်းတွေ မွှေးပျံ့လို့ပေါ့....။
တချို့လဲ... မနှင်းဆီကို
မျက်မုန်းကျိုးကြမှာပါ
ဟိုမှာလည်း မနှင်းဆီ
ဒီမှာလည်း မနှင်းဆီ ဖြစ်နေတာကိုး...။
မနှင်းဆီ အသံတိတ်နေလို့
မင်းဘယ်ဆီမှာလည်း (အိန်ဂျယ်font/မကွန်)မနှင်းဆီ...လို့
ခဏခဏမ'တပါနဲ့
မနှင်းဆီတစ်ယောက်
လမ်းသွားရင်း
ခလုတ်တိုက်နေပါဦးမယ်...။
No comments :
Post a Comment