ရည်ရွယ်ချက်
အွန်လိုင်းဖူးစာရေး website ကို စတင်ဖွဲ့စည်းခဲ့တာကတော့ ၂၆-၈-၂၀၁၂
ကဖြစ်ပါတယ် ။ ဆိုဒ်ကလေးရဲ့ရည်ရွယ်ချက်ကတော့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး..
ဒီလိုပါပဲ လက်ကမြင်း လိုက် တာ ပါ ခင်ဗျာ ...
အလည်အပတ်ရောက်ရှိလာသူ မိတ်ဆွေသူငယ်ချင်းများအတွက် ပြည့်စုံ အောင် ဖန်တီး
ပေးသွားမှာပါခင်ဗျာ...
ယခု လောလောဆယ် ပြည့်စုံမှုမရှိသေးတဲ့ အတွက် အနူးအညွှတ် ပဲ တောင်းပန်ပါတယ် ..
ဝိုင်းဝန်းကူညီပေးကြပါဦး...ခင်ဗျာ
Thursday, June 27, 2013
အင်တာဗျူးကို မကြောက်ကြနဲ့တော့
လူတိုင်း စား ၀တ် နေရေးအတွက် နေ့စဉ်ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ တစ်ချို
့သူတွေ လုပ်ငန်းကိုင်ငန်း အဆင်ပြေပြီး တစ်ချို့ သူတွေကျပြန်တော့
အဆင်မပြေဖြစ်တတ်ကြပါတယ်။ အလုပ်ရှားပါးလာတဲ့ ခေတ်ကာလကြီးထဲမှာ အလုပ်အကိုင်
ရှာဖွေကြရတာလဲ အတော်လေးစိတ်ကသိကအောက် ဖြစ်စေပါတယ်။ အထူးအားဖြင့်တော့
ကုမ္ပဏီတစ်ခုခုမှာ အလုပ်လျောက်ပြီဆိုရင် အင်တာဗျူးခံရတာ
ပုံသေကားချဖြစ်နေပါပြီ။ အဲဒီလို အင်တာဗျူးခံရပြီဆိုရင် ဘာတွေမေးမှာပါလိမ့်၊
ငါ ဖြေဆိုနိုင်ပါ့မလား စတဲ့ အတွေးတွေ ၀င်လာပြီး ကတုန်ကယင် မလုံမလဲ
ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အဲဒီအခက်အခဲလေးတွေကို ပြေပျောက်စေနိုင်တဲ့
နည်းလမ်းတွေကို တင်ပြပေးလိုက်ပါတယ်။
အင်တာဗျူးပြုလုပ်မဲ့နေရာကို သွားတဲ့အခါ...
၁။ အ၀တ်အစား ရွေးချယ်မှုမှန်ကန်ပါစေ။ မိမိနှင့်လိုက်ဖက်ပြီး သက်တောင့်သက်သာဖြစ်မဲ့ သန့်သန့်ရှင်းရှင်း အ၀တ်အစားကိုဘဲ ၀တ်ဆင်ပါ။ အမွှေးနံ့သာတွေကို အရမ်းမဆွတ်သွားပါနဲ့။ ရတနာတွေကို တသီကြီးဝတ်ဆင်မသွားပါနဲ့။ ဖိနပ်ကို သေသပ်သန့်ရှင်းစွာဝတ်ဆင်သွားပါ။
၂။ စိတ်ထဲက ကိုယ့်ကိုကိုယ် ဒီလိုလေး အမြဲပြောနေပါ။
(က) ဒီကိစ္စကို ငါကိုင်တွယ် ဖြေရှင်းနိုင်တယ်။
(ခ) ငါ့ကိုယ်ငါ ယုံကြည်မှု အပြည့်အ၀ရှိတယ်။
(ဂ) ဒီအင်တာဗျူးအတွက် ငါ သေချာစွာ ပြင်ဆင်ခဲ့ပြီးပြီ။
(ဃ) ငါ့ရဲ့ အားသာချက် အားနည်းချက်တွေကို ငါသိတယ်။ ဒါပေမဲ့ ငါ အတတ်နိုင်ဆုံး အကောင်းဘက်ဦးတည်အောင် ပြုလုပ်နိုင်တယ်။
၃။ စိတ်ထဲက ကိုယ့်ကိုကိုယ် ဒီလို လုံးဝမပြောရဘူး။
(က) အင်တာဗျူးကို ငါမုန်းတယ်။
(ခ) ငါသေချာပေါက် ရှုံးဆုံးလိမ့်မယ်။
(ဂ) ဒီလူတွေထဲမှာ ငါ့ထက် အတွေ့အကြုံ၊ အရည်အချင်းအားလုံး သာလွန်တဲ့သူတွေ အများကြီးရှိမယ်။
(ဃ) သူတို့မေးတဲ့ မေးခွန်းတွေကို ငါဖြေဆိုနိုင်စွမ်းရှိမှာ မဟုတ်ဘူး။
(င) ငါ အလုပ်ရလိမ့်မယ်မဟုတ်ဘူးဆိုတာ ငါသိနေတယ်။
၎။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြောင်းပြသပါ။ ပခုံးကို နောက်ပစ်ပြီး ရင်ဘက်ကို ကော့ထားပါ။ ခေါင်းကို မတ်မတ်ထားပါ။ ပြုံးပါ။ အင်တာဗျူးလုပ်တဲ့သူက လက်ပေးလာလျှင် လက်ဆွဲနှုတ်ဆက်ပါ။ လက်ဆွဲနှုတ်ဆက်တဲ့အခါ စိတ်လှုပ်ရှားမှု မရှိစေဘဲ တည်တည်ကြည်ကြည် လက်တစ်ပြင်လုံးကို ကိုင်တွယ်ပြီး နှုတ်ဆက်ပါ။ မျက်လုံးချင်း မကြာခဏဆုံပေးပါ။
၅။ ထိုင်ဖို့နေရာပေးရင် ထိုင်လိုက်ပါ။ ဂျူရီအဖွဲ့ကအင်တာဗျူးလုပ်တယ်ဆိုရင် ကိုယ့်ထိုင်ခုံက အင်တာဗျူးလုပ်သူတွေနဲ့ အနည်းငယ် ကွာဝေးနေပါလိမ့်မယ်။ စိတ်ကသိကအောက်ဖြစ်ဖို့ကောင်းပေမဲ့ အပြုသဘောဆောင်တဲ့ စကားလေးတွေကို စိတ်ထဲကနေပြီး ကိုယ့်ကိုကိုယ် ပြောဆိုအားပေးနေပါ။ ဂျူရီအဖွဲ့လူကြီးတွေက ကိုယ့်ရဲ့ ခန္ဓာကိုယ်အမူအယာ လှုပ်ရှားမှုတွေကို အကဲခတ်နေပါလိမ့်မယ်။ ဒါကြောင့် Body Lauguage ကို အသင့်အနေအထားပြုလုပ်ထားပါ။ ခြေထောက်ကို တင်ပလ္လင်မချိတ်ထားပါနဲ့။ လက်နှင့်လက်မောင်းတို့ကို ကိုယ့်ရဲ့ ခန္ဓာကိုယ်အရှေ့ ပိုင်း ပေါင်ပေါ်မှာ ပေါ့ပါးစွာ တင်ထားပါ။ ဒါမှမဟုတ် ကုလားထိုင် လက်တန်းပေါ်တင်ထားပါ။ Body Language လှုပ်ရှားမှုကို အနိမ့်ဆုံးမှာ ထားပါ။ ဒါပေမဲ့ စကားပြောတဲ့သူ မေးခွန်းမေးတဲ့သူဘက်ကို မျက်နှာလှည့်နိုင်ပါတယ်။
၆။ မတ်မတ်ထိုင်ပါ။ အာရုံစူးစိုက်မှုရှိပါ။ နိုးကြားပါ။ စိတ်ဝင်စားမှုရှိလာအောင် ရှေ့ သို့မျက်နှာမူပြီး တည့်တည့်ထိုင်ပါ။ စကားပြောသူကို ကြည့်ပေးပါ။ မေးခွန်းမေးတဲ့ အခြားလူတစ်ယောက်ရှိရင် သူ့ဘက်ကို မျက်နှာ ပြန်လှည့်လိုက်ပါ။ သူတို့မေးခွန်းကို ဖြေတဲ့အခါ မျက်စိကို ဂျူရီလူကြီးများဆီသို့ တစ်လှည့်စီကြည့်ပြီး ဖြေပါ။ ဖြစ်နိုင်ရင် ပြုံးပြဖို့မမေ့ပါနဲ့။
၇။ ခေါင်းငိုက်ဆိုက်ကြီးနဲ့ ပျင်းရိသလိုမနေပါနဲ့။ ကိုယ့်လက်ကို ကိုယ် ငုံ့ကြည့်မနေပါနဲ့။ ပြတင်းပေါက်ကို စိုက်ကြည့်မနေပါနဲ့။ မျက်နှာကျက်ကို ငေးကြည့်မနေပါနဲ့။ ခန္ဓာကိုယ်ပေါ်မှာ လက်ကို တင်းတင်းကြပ်ကြပ် ထပ်မထားပါနဲ့။
၈။ အင်တာဗျူးပြုလုပ်တဲ့အခါမှာ မေးမြန်းသူရဲ့ နေရာကို မကျူးကျော်ပါနဲ့။ ဥပမာ မေးမြန်းသူရဲ့ ခုံပေါ် (သို့မဟုတ်) စားပေါ်ပေါ်သို့ ခွင့်မတောင်းဘဲ တစ်ခုတစ်ခုတင်ထားခြင်း၊ မေးမြန်းသူအနီးသို့ အရမ်းတိုးကပ်သွားခြင်း။ အဲဒါတွေကို ရှောင်ကြဉ်ပါ။ မေးမြန်းသူကို အခက်မတွေ့ပါစေနဲ့။
ဒီအချက်အလက်တွေအတိုင်း ကျင့်သုံးမယ်ဆိုရင်တော့ အင်တာဗျူးတိုင်းမှာ ထိပ်ဆုံးကနေပြီး အလုပ်ရမှာ
သေချာပါတယ်။ အင်တာဗျူးရန်ကို တွန်းလှန်ကျော်နှင်းနိုင်ကြပါစေ။
မှတ်ချက်။
Pauline Rowson, Communicating with More Confidence, PP, 74-76 မှ အချက်အလက်တို့ကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။

အွန်လိုင်းဖူးစာwebsite
Lashio Love Media
အချိန်
Thursday, June 27, 2013
lables
နည်းပညာများ
,
အထွေထွေဗဟုသုတ
Subscribe to:
Post Comments
(
Atom
)
About Me
ဆွေးနွေးခန်း
ကဗျာရှိုးဖိတ်ခေါ်ခြင်း
မိမိ တို့ ကိုယ်ပိုင်စိတ်ကူးဖြင့်ရေးစပ်ထားသော ကဗျာများပေးပို့ရမည်ဖြစ်သည် ပေးပို့သောကဗျာများအား
အွန်လိုင်းဖူးစာwebsite တွင်အသုံးပြုပေးပါမည်။ တစ်ပတ်အတွင်း
comments အများဆုံးပေးခံရသူအယောက်(၂၀)အား ဆိုဒ်တာဝန်ခံ ကျွှန်တော် ရှိုင်းသူအောင်(motherlove.son528@gmail.com) မှ မိမိတို့စိတ်ကြိုက် Flashsong တစ်ပုဒ် ကို ရေးသားပေးသွားမည်ဖြစ်ပါသည်။
အားပေးမှုကို အထူးပင်ကျေးဇူးတင် ပါသည်....။
Text widget
အမှတ်(၁)ရပ်ကွပ်၊နယ်မြေ(၄)
ရန်ကုန်-မန္တလေးလမ်း၊
" အမှတ်(၉၅၉)ဆောက်လုပ်ရေး
အင်ဂျင်နိယာတပ်ခွဲ၊လားရှိုးမြို့။ "
(ရှိုင်းသူအောင်) အွန်လိုင်းဖူးစာ website

ဂျူး၏ဝတ္ထုများအပိုင်း(၁)
ဂျူး - ">ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့
ဂျူး - ">လရဲ့အောက်ဖက်မိုင်အဝေးမှာ
ဂျူး - ကံကြမာကိုမယုံကြသူများ
ဂျူး - ကျွန်မ၏သစ်ပင်
ဂျူး -ကြယ်ကြွေတို့အတောင်ပံ
ဂျူး - ကျွန်မချစ်တြဲ့မို့တစ်မြို့
ဂျူး - ချစ်သူရေးတဲ့ကျွန်မ၏ည
ဂျူး - မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်
ဂျူး - ကြယ်စင်တံတားကမ်းပါးနှင်းဖြူ
ဂျူး-ဆဲတတ်သူများနှင့် တစ်ညနေ
ဂျူး- ကျွန်မတို့မိန်းမတွေ - ၀တ္ထုတို
ဂျူး - ရဲရင့်သော နှလုံးသား-၀တ္ထုတို
ဂျူး - တွေ့ချင်လှပြီ-၀တ္ထုတို
ဂျုး - အ၀ါရောင်ရထား (၀တ္ထုတို)
ဂျူး - ရေမျောသီး - ၀တ္ထုတို
ဂျူး - ဖျားနေတဲ့မြို့-၀တ္ထုတို
ဂျူး - နာမည်နဲ့အသက်-၀တ္ထုတို
ဂျူး - မိန်းမနှစ်ယောက်-၀တ္ထုတို
ဂျူး - အနှပညာရှင်များနဲ့စံလက်ရာများ - ၀တ္ထုတို
ဂျူး - ကောင်းကင်မပါသောည (၀တ္ထုတို)
ဂျူး - သူတို့တွန်းအားကြောင့်ကျွန် တော်လုပ်မိသွားတာပါ
ဂျူး - မြရဲ့လ-၀တ္ထုတို
ဂျူး - ကမ္ဘာမြေရဲ့ချစ်သူ
Blog Archive
-
▼
2013
(
55
)
-
▼
June
(
29
)
- How to Install Myanmar Fonts on Android ဒီပိ...
- mmflashsong ကဆော့ဝဲလ်လေးတွေပါ
- window 7 တင်နည်း
- တူစက်ခါမှရွာပါမိုး
- ချစ်သူနှင့်Chatting
- ကွန်ပြူတာအသုံးပြုရာ၌ သိသင့်သည့် Shrotcut Key များ
- ~~~~ယခုဆိုဒ်လေးကြောင့် သင့်အတွက်တစ်စုံတစ်ရာ အကျို...
- မြန်မာ စာလုံး လှလှလေးတွေ
- ဗုဒ္ဓဘာသာကို စော်ကားနေသော "စေတမန်"
- ကြက်သားငြုတ်သီးကြော်နှင့်ငွေနှင်းမှိုကြော်
- ကိုယ်ယောင်ဖျောက်မနှင်းဆီ
- လူတွေအပေါ် ဘယ်လို လွှမ်းမိုးနိုင်မလဲ
- အင်တာဗျူးကို မကြောက်ကြနဲ့တော့
- ဆက်ဆံရေးကောင်းစေဖို့နည်းလမ်းကောင်းများ
- သူဘယ်လိုယောက်ျားလဲ
- အချိန်ပိုတစ်နာရီ ဆုတောင်း
- ခက်တယ်
- ပေးဆပ်အချစ်
- မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲ
- သူမကဆူးနှင်းဆီ ကျွန်တော်က.......
- မျက်လှည့် ~ (၀ိုင်းစုခိုင်သိန်း)
- ချစ်တယ်ဟုတ် ~ (Bunny Phyo)
- ဘဝသစ်ရဲ့မာတိကာ ~ Reason ( အောင်လ )
- ကဗျာ
- Twist Game (Underground Album) ~ (လွှမ်းပိုင် Vs J Ki)
- မြန်မာ ဗွီဒီယိုများ
- မြန်မာဗွီဒီယိုများ
- ဆိုတေး ~ (မီးအိမ်ရှင်)
- SPECIAL TRIP အပြည်ပြည် ဆိုင်ရာခရီးသွားမှ အထူးဝန်...
-
▼
June
(
29
)
No comments :
Post a Comment