လူတိုင်းလူတိုင်း ကိုယ့်အပေါ် အရေးထားဆက်ဆံခံချင်ကြတာ ဓမ္မတာပါ။ ကိုယ်ကသာ ကောင်းကောင်းမဆက်ဆံပေမဲ့ ကိုယ့်အပေါ်ကိုတော့ ကောင်းစေချင်ကြတာလဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားတစ်ခုပါဘဲ။
ဒီတော့ လူတစ်ဘက်သားက ကိုယ့်အပေါ် အာရုံစိုက်လာစေဖို့၊ လူတစ်ဘက်သားအပေါ် ကိုယ့်ရဲ့ ပြောဆိုဆက်ဆံမှုတွေ လွှမ်းမိုးမှုရှိစေဖို့ လိုအပ်လာပါပြီ။ အဲဒီ ဆန္ဒလေးတွေ အကောင်အထည်ဖော်ဖို့ဆိုရင် အောက်က အချက်ကလေး ငါးချက်လောက် လေ့လာပြီး လေ့ကျင့်မှုပြုလုပ်ပါ။ မြေကြီးလက်ခတ်မလွဲ ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာမှာ သေချာပါတယ်။
လူတွေအပေါ်ဘယ်လိုနည်းနဲ့ လွှမ်းမိုးမလဲ
၁။ လူတစ်ဘက်သားကို ဘယ်လိုဆက်ဆံရင်ကောင်းမယ် ဆိုတဲ့ အစီအစဉ်လေးတစ်ခု ကြိုတင်ဆွဲထားပါ။
၂။ လူတစ်ဘက်သားအပေါ်မှာ အာရုံစူးစိုက်မှု အပြည့်အ၀ထားပါ။
၃။ လူတစ်ဘက်သားရဲ့  သဘောထား၊ စိတ်ခံစားမှုတွေကို နားလည်ပေးပါ။
၎။ လူတစ်ဘက်သားကို သေသေချာချာလေ့လာပါ။
၅။ ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ အသိကြွယ်မှု အပြည့်အ၀ရှိပါ။
Pauline Rowson, Communicating with More Confidence, P, 14 မှ အချက် ငါးချက်ကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
No comments :
Post a Comment