phone: +95 09 403725007,+959442104144
e-mail: motherlove.son528@gmail.com

ရည်ရွယ်ချက်

အွန်လိုင်းဖူးစာရေး website ကို စတင်ဖွဲ့စည်းခဲ့တာကတော့ ၂၆-၈-၂၀၁၂ ကဖြစ်ပါတယ် ။ ဆိုဒ်ကလေးရဲ့ရည်ရွယ်ချက်ကတော့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး.. ဒီလိုပါပဲ လက်ကမြင်း လိုက် တာ ပါ ခင်ဗျာ ... အလည်အပတ်ရောက်ရှိလာသူ မိတ်ဆွေသူငယ်ချင်းများအတွက် ပြည့်စုံ အောင် ဖန်တီး ပေးသွားမှာပါခင်ဗျာ... ယခု လောလောဆယ် ပြည့်စုံမှုမရှိသေးတဲ့ အတွက် အနူးအညွှတ် ပဲ တောင်းပန်ပါတယ် .. ၀ိုင်းဝန်းကူညီပေးကြပါဦး...ခင်ဗျာ

Tuesday, July 02, 2013

"မြန်မာနိုင်ငံတွင်ဆေးပညာဘာသာရပ်တစ်ခုခုဖြင့်ပြီးဆုံးထားသူများ သြစတြေလျတွင် အလုပ်အတွေ့ အကြုံပါရှိသည့် MSc Health Service Management အတွက်ဝင်ခွင့်ခေါ်ယူ"

မြန်မာနိုင်ငံမှဆေးပညာဘာသာရပ်တခုခုသို့မဟုတ် ဆရာဝန်ဘွဲ့ရရှိထား သူများအနေဖြင့်Griffith University ၏ Graduate Certificate in Health Services Management နှင့်Master of Health Services Management ကိုလေ့လာသင်ယူနိင်မည်ဖြစ်ကြောင်းနှင့်အဆိုပါဘာသာ ရပ်များ၏ ထူးခြားချက်အနေဖြင့်လက်တွေ့လုပ်ဆောင်ရသော စာသင်ကြားမူ့များနှင့်အလုပ်အကိုင် နေရာချထားမှု

ပါဝင်ကြောင်း ကျောင်းလျှောက်ထားခြင်းကို ၀န်ဆောင်မှု့ ပြေးမည့် CROWN Education မှတာဝန်ရှိသူ

တစ်ဦးမှပြောကြားသည်၊၊



အဆိုပါဘွဲ့ ကို Australian College of Health Service Management (ACHSM) အဖွဲ့ကြီး မှအသိ အမှတ်ပြု ထားပြီးကျောင်းပြီးပါ က ACHSM အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။



ကျောင်းသားကျောင်းသူများအနေဖြင့်အပတ်စဉ် အလှည်ကျအဖြစ်တစ် ပတ်လေးရက်စာသင်ရမည်ဖြစ်ပြီး ကျန်အပတ်ကို လုပ်ဖော်ကိုင်ဖက် များ၊ ဆရာဆရာများ၊ ပရောဂျက်လုပ်ငန်း တာဝန်ရှိသူများနှင့် လက်တွေ့ လုပ်ဆောင်စီမံခန့်ခွဲရ မည်ဖြစ် သည်။ သင်ယူရမည့်မော်ဂျူးများ အနေဖြင့်Health Informatics ၊Health Systems ၊ Health Economics ၊ Health Finance and Project Management ၊ Leadership in Management for Health Services ၊ Strategic Decision Making in Health နှင့် Health Policy and Planning တို့ကိုသင်ယူနိုင်သည်။



ဘွဲ့ရများအနေဖြင့် သြစတြေးလျ သို့မဟုတ် နိုင်ငံတကာတွင် Health Project Manager များအဖြစ် လုပ်ကိုင်နိုင်ရန်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်၊၊



“နိုင်ငံတကာ မှာ အရည်အသွေးပြည့်ဝပြီးအဆင့်မှီတဲ့ ကျန်းမာရေး စောင်ရှောက်မှုကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းများဖွံဖြိုး တိုးတက် လာနေပါတယ်။ မြန်မာနိုင်ငံမှာလည်း တမျိုးသားလုံး ကျန်းမာဖို့ဆို ရင်ကောင်း

မွန်တဲ့စီမံကိန်းတွေ၊ နောက်ပြီးအရည်အသွေးပြည့်ဝ တဲ့ ကျန်းမာ ရေးစီမံခန့်ခွဲသူများလိုအပ်လာပါတယ်။ ဒီဘာသာရပ်မှာဆိုရင် ကျန်းမာရေးစီမံကိန်းကိုရေးဆွဲပြီး အကောင်အထည်ဖော်လုပ်ဆောင်ရမှု အဲဒီစီမံကိန်း

ထဲမှာ လုပ်သားစွမ်းအား၊ ဘတ်ဂျက်တွေ တွက်ချက် ခြင်း၊နိုင်ငံတကာ ပရောဂျက်တွေကို လက်တွေ့ပူးပေါင်း လုပ် ဆောင်မူ့၊ ကျန်းမာရေးစောင့်ရှောက်မူ့နှင့် စီမံခန့်ခွဲမူ့သင်ခန်း စာတွေပါဝင်လို့ အသိပညာအတတ်ပညာ

များကို ရရှိမည်ဖြစ်ပါတယ်” ဟု CROWN Education မှဦးအောင်ကျော်ဆန်းမှပြောကြားသည်။



မြန်မာနိုင်ငံမှ MBBS လက်မှတ်ရကျောင်းသူကျောင်းသားများအနေဖြင့် သြစတြေလျနိုင်ငံတွင် ဆေးပညာ နှင့်ဆက်စပ်သော ဘွဲ့ လွန်သင်တန်းများ အတွက် ၀င်ခွင့်ခက်ခဲ့လေ့ရှိပြီး ယခုပရိုရမ်သည် မြန်မာနိုင်ငံမှ ဆရာဝန်များအတွက် အသင့်တော်ဆုံးပရိုဂရမ် တစ်ခုဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်၊၊



Intake မှာ ဖေဖော်ဝါဂရီ နှင့်ဇူလိုင်လတို့ဖြစ်ပြီးGraduate Certificate ကို(၆) လနှင့် Master ပရိုဂရမ်ကို

တနှစ်ကြာသင်ယူနိုင်ပြီး ကျောင်း လခ Graduate Certificate အတွက် သြစတြေးလျဒေါ်လာ ၈၉၂ဝ နှင့် Master of Health Services Management အတွက် AUS $ 17840 ကုန်ကျ မည်ဖြစ်သည်။ မြန်မာ နိုင်ငံမှ ဆေးပညာ ဘာသာရပ် တခုခု(သို့ဟုတ်)၊ ဆရာဝန်ဘွဲ့တခုခုရရှိထားပြီးအင်္ဂလိပ်စာ လိုအပ်ချက် IELTS 6.5 ရှိသူများလျှောက်ထားနိုင်သည်။



ကျောင်းလျှောက်ထားရန်အသေးစိတ်သိရှိလိုသူများအနေဖြင့် CROWN Education၊ အမှတ်(၂၇၀) ၊ ပထမ ထပ်၊ အခန်း(1 ၊ မြေနီကုန်း၊ ပြည်လမ်း၊ကောင်းမြတ်မွန်ဆေးခန်းအပေါ်ထပ်၊ ဖုန်း ၀၉-၇၃၂ ၇၂၃ ၇၇ ၊ ၀၉- ၅၀ ၈၅ ၁၈၅ သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

No comments :

ဆွေးနွေးခန်း

Cbox
Onlinephuusarwebsite
hosted by Cbox.ws


ကဗျာရှိုးဖိတ်ခေါ်ခြင်း

မိမိ တို့ ကိုယ်ပိုင်စိတ်ကူးဖြင့်ရေးစပ်ထားသော ကဗျာများပေးပို့ရမည်ဖြစ်သည် ပေးပို့သောကဗျာများအား အွန်လိုင်းဖူးစာwebsite တွင်အသုံးပြုပေးပါမည်။ တစ်ပတ်အတွင်း comments အများဆုံးပေးခံရသူအယောက်(၂၀)အား ဆိုဒ်တာဝန်ခံ ကျွှန်တော် ရှိုင်းသူအောင်(motherlove.son528@gmail.com) မှ မိမိတို့စိတ်ကြိုက် Flashsong တစ်ပုဒ် ကို ရေးသားပေးသွားမည်ဖြစ်ပါသည်။ အားပေးမှုကို အထူးပင်ကျေးဇူးတင် ပါသည်....။

Text widget

အမှတ်(၁)ရပ်ကွပ်၊နယ်မြေ(၄)
ရန်ကုန်-မန္တလေးလမ်း၊
" အမှတ်(၉၅၉)ဆောက်လုပ်ရေး
အင်ဂျင်နိယာတပ်ခွဲ၊လားရှိုးမြို့။ "

(ရှိုင်းသူအောင်) အွန်လိုင်းဖူးစာ website

ဂျူး၏ဝတ္ထုများအပိုင်း(၁)

ဂျူး - ">ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့ ဂျူး - ">လရဲ့အောက်ဖက်မိုင်အဝေးမှာ ဂျူး - ကံကြမာကိုမယုံကြသူများ ဂျူး - ကျွန်မ၏သစ်ပင် ဂျူး -ကြယ်ကြွေတို့အတောင်ပံ ဂျူး - ကျွန်မချစ်တြဲ့မို့တစ်မြို့ ဂျူး - ချစ်သူရေးတဲ့ကျွန်မ၏ည ဂျူး - မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက် ဂျူး - ကြယ်စင်တံတားကမ်းပါးနှင်းဖြူ ဂျူး-ဆဲတတ်သူများနှင့် တစ်ညနေ ဂျူး- ကျွန်မတို့မိန်းမတွေ - ၀တ္ထုတို ဂျူး - ရဲရင့်သော နှလုံးသား-၀တ္ထုတို ဂျူး - တွေ့ချင်လှပြီ-၀တ္ထုတို ဂျုး - အ၀ါရောင်ရထား (၀တ္ထုတို) ဂျူး - ရေမျောသီး - ၀တ္ထုတို ဂျူး - ဖျားနေတဲ့မြို့-၀တ္ထုတို ဂျူး - နာမည်နဲ့အသက်-၀တ္ထုတို ဂျူး - မိန်းမနှစ်ယောက်-၀တ္ထုတို ဂျူး - အနှပညာရှင်များနဲ့စံလက်ရာများ - ၀တ္ထုတို ဂျူး - ကောင်းကင်မပါသောည (၀တ္ထုတို) ဂျူး - သူတို့တွန်းအားကြောင့်ကျွန် တော်လုပ်မိသွားတာပါ ဂျူး - မြရဲ့လ-၀တ္ထုတို ဂျူး - ကမ္ဘာမြေရဲ့ချစ်သူ

Blog Archive

Best Blogspot Templates 2013