phone: +95 09 403725007,+959442104144
e-mail: motherlove.son528@gmail.com

ရည်ရွယ်ချက်

အွန်လိုင်းဖူးစာရေး website ကို စတင်ဖွဲ့စည်းခဲ့တာကတော့ ၂၆-၈-၂၀၁၂ ကဖြစ်ပါတယ် ။ ဆိုဒ်ကလေးရဲ့ရည်ရွယ်ချက်ကတော့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး.. ဒီလိုပါပဲ လက်ကမြင်း လိုက် တာ ပါ ခင်ဗျာ ... အလည်အပတ်ရောက်ရှိလာသူ မိတ်ဆွေသူငယ်ချင်းများအတွက် ပြည့်စုံ အောင် ဖန်တီး ပေးသွားမှာပါခင်ဗျာ... ယခု လောလောဆယ် ပြည့်စုံမှုမရှိသေးတဲ့ အတွက် အနူးအညွှတ် ပဲ တောင်းပန်ပါတယ် .. ၀ိုင်းဝန်းကူညီပေးကြပါဦး...ခင်ဗျာ

Tuesday, July 16, 2013

ဗိုင်းရပ်စ် သတင်း

ဗိုင်းရပ်စ် သတင်း | ဆောင်းပါး | မြန်မာဟာသ <!-- ehc
သင်တန်းတစ်ခုမှာပေါ့ဗျာ .... ကွန်ပြူတာထဲက ရှိသမျှ ဓာတ်ပုံတွေ သီချင်းတွေ ကြိုက်လို့ဆိုပြီး ကူးလာခဲ့တယ်။ အိမ်ရောက်လို့ ဓာတ်ပုံတွေထည့်ပြီးလို့ မှမကြာသေးဘူး ဒီစာသားတက်လာတယ်။


ဟ-ဘာကြီးတုန်းဟ ဆိုပြီးနည်းနည်းကြောင်သွားတယ်။ နောက်ရယ်လည်းရယ်ချင်သွားတယ်။ မရယ်ဘဲရှိမလားဗျ..
Desk top ပေါ်မှာ Virus Information လို့အလိုလိုပေါ်နေတဲ့ Note pad မှာရေးထားတဲ့စာက -

Hi fri

It is nice to meet you . . . .

I ko thi lar, see yin kaw kin mar lar, i ka talk khin tat tal nor . . . .

I ka girl nor, chit mar lar . . . . .

I ka u computer ko bar ma, ma loat par buu khin lo Virus write pi talk sa tar ko , he` he` . . . .

Sate so ya buu nor i ka di lo pae` . . . . ya tal ma hote lar

I name ko thi chin lar? pyaw pya par buu; bar lo pyaw pya ya mar lae`

u ka boy lar, age ka kaw?

i ka 18age girl i gamil ka comput5r3razygirl@gmail.com

bye bye . . . luu soe . . . fly kiss . .


အယ် ... သူ့ ကိုယ်သူကြော်ငြာသွားသေးတာ၊ ပြီးတော့ နာမည်သိချင်လား သူ့ဘာသာမေးပြီး ..ပြောပြပါဘူးတဲ့ ...ကောင်းရော။
ပြီးတော့ ကျွန်တော့်ကို ဘွိုင်းလား၊ အသက်ဘယ်လောက်ရှိပြီလဲ မေးတော့ အသည်းကို ယားသွားတာပဲ။
နောက်ဆုံးကဟာကြီးကအဆိုးဆုံး ... လူဆိုး..ဖလိုင်းကစ်..တဲ့။ :( စိတ်လေပါတယ်။

သူ့စာက နာရီဝက်ကို တစ်ခါနီးပါးလောက်ပေါ်တာဗျ။ နောက် နာရီဝက်ကျတော့ စာလေးပြောင်းသွားတယ်။ ဒီလို...


ကျွန်တော်ဒါကြီး မြင်တော့ တောင်စဉ်ရေမရပေါက်တတ်ကရလျှောက်စဉ်းစားနေမိတယ်။ ဘောက်စ် ၂ခုလုံးပါပဲ။ yes နှိပ်နှိပ် နိုးနှိပ်နှိပ် ပိတ်သွားတယ်။
တော်သေးတယ်။
Do you Love me ?
[Yes] ...... [Inn]
ဆိုပြီးမမေးတာကံကောင်းတယ်လို့ ...။

ဒါဟာတကယ်တော့ မြန်မာပြည်ကရေးတဲ့ ဗိုင်းရပ်စ် မဟုတ်ပါဘူး။ Foreign က Coding တွေကိုပြန်ပြင်ထားတာပဲဖြစ်ပါတယ်။ သူ့နာမည်က Loikaw Hacking day ပါတဲ့။ လွိုင်ကော်ဟက်ကင်းဒေးပေါ့လေ။
ရေးတဲ့လူကတော့ သူ့ကိုယ်သူ မိန်းမလို့ပြောထားတာပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ပြောလိုက်ချင်သည် ......... မထင်..ဟင်..ဟင်..ဟင် (ဟင်..ဟင်..ဟင်က Echo သံဖြစ်ပါတယ်)။
ထင်တာပြောရရင်တော့ မိန်းမစိတ်ပေါက်နေသူ ဒါမှမဟုတ် ယောက်ျားလျာ ဒါမှမဟုတ် အခြောက် ဖြစ်နိုင်တယ်။

ဒီဟာက သိပ်တော့ ဒုက္ခမပေးပါဘူး။ ဖိုင်တွေကို hidden လုပ်တယ်။ ပြီးတော့ အဲသည့်ဖိုင် ရဲ့ နာမည်နဲ့ပဲ သုံးမရတဲ့ ဖိုင်စုတ်တစ်ခုပြတယ်။ ဒီတော့ သုံးတဲ့လူက ဖိုင်ပျက်သွားပြီလို့ထင်ရော...။

အဲဒါနဲ့ ပတ်သတ်ပြီး နည်းလေးနည်းနည်းပြောချင်လို့ .....
ဖိုင်ပျောက်ရင် အပေါ်က Tools >> Folder Option မှာနှိပ် ၊ View Tab ထဲကမှ Show Hidden Files and Folders ကိုနှိပ်လိုက်ရင်ရပါပြီ။

ဒါပေမယ့်ဗျာ ...
တစ်ခါတလေ ဒီကောင်က အဲသည့် Folder Option ကိုတောင်ဖျောက်ထားတယ်။ ဘာမှလုပ်မရတော့ဘူး။
သူ့ကိုသတ်မယ့်ဖိုင်တောင် ဖျောက်ထားလိုက်တော့ ...အေးရော။


ဒီလို Folder Option ပျောက်နေရင် ဒီလိုလုပ်ပါ။

ပထမဦးဆုံး Start Menu => Run => အဲဒီ ဘောက်လေးပေါ်လာပြီဆိုရင် regedit လို့ရိုက်ပြီး Enter ခေါက်။ Registry Editor ပေါ်လာပါလိမ့်မယ်။
အဲဒီအခါမှာ ဒီလမ်းကြောင်းအတိုင်း ဆက်သွားပါ။
Registry Editorထဲက My computer => HKEY_CURRENT_USER
=> software
=> Microsoft
=> windows
=> Current version
=> Policies
=> Explorer ။ Explorer မှာ ညာဘက်ကလစ်နှိပ်ပြီး New => DWORD Value ဆိုတာကိုရွေးပေးပါ။ New value တစ်ခု ညာဘက်ချမ်းမှာ ပေါ်လာပါလိမ့်မယ်။ အဲဒီပေါ်မှာ ညာဘက်ကလစ်နှပ်ပြီး Modify ဆိုပြီးပြောပါ။ Value data မှာ 0 ဆိုရင် ရပါပြီ။ အဲဒါမှ Folder Option ပြန်မပေါ်လာသေးဘူး ဆိုရင် ၀င်းဒို Restart ချလိုက်ရင် ပြန်တက်လာတဲ့ အခါ Folder Option ကိုပြန်တွေ.ရပါလိမ့်မယ်။

ကဲ Folder Option ပျောက်သွားရင်တော့ တော်တော်များများအဆင်ပြေသွားပါပြီ။ ဖျောက်ထားတဲ့ ဖိုင်တွေလည်း ပြန်ဖော်လို့ရပါပြီ။

အဲ...ဖိုင်ကျတော့ ဒီနေရာမှာ သာ သွားယူပေတော့ဗျာ..။

http://friendsmyanmar.ning.com/forum/topics/loikaw-hacking-day-virous

အဲဒါလေးယူပြီး Run ရုံပဲ။ စမ်းကြည့်လိုက်ပါ အိုကေမယ်လို့ထင်ပါတယ်။

No comments :

ဆွေးနွေးခန်း

Cbox
Onlinephuusarwebsite
hosted by Cbox.ws


ကဗျာရှိုးဖိတ်ခေါ်ခြင်း

မိမိ တို့ ကိုယ်ပိုင်စိတ်ကူးဖြင့်ရေးစပ်ထားသော ကဗျာများပေးပို့ရမည်ဖြစ်သည် ပေးပို့သောကဗျာများအား အွန်လိုင်းဖူးစာwebsite တွင်အသုံးပြုပေးပါမည်။ တစ်ပတ်အတွင်း comments အများဆုံးပေးခံရသူအယောက်(၂၀)အား ဆိုဒ်တာဝန်ခံ ကျွှန်တော် ရှိုင်းသူအောင်(motherlove.son528@gmail.com) မှ မိမိတို့စိတ်ကြိုက် Flashsong တစ်ပုဒ် ကို ရေးသားပေးသွားမည်ဖြစ်ပါသည်။ အားပေးမှုကို အထူးပင်ကျေးဇူးတင် ပါသည်....။

Text widget

အမှတ်(၁)ရပ်ကွပ်၊နယ်မြေ(၄)
ရန်ကုန်-မန္တလေးလမ်း၊
" အမှတ်(၉၅၉)ဆောက်လုပ်ရေး
အင်ဂျင်နိယာတပ်ခွဲ၊လားရှိုးမြို့။ "

(ရှိုင်းသူအောင်) အွန်လိုင်းဖူးစာ website

ဂျူး၏ဝတ္ထုများအပိုင်း(၁)

ဂျူး - ">ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့ ဂျူး - ">လရဲ့အောက်ဖက်မိုင်အဝေးမှာ ဂျူး - ကံကြမာကိုမယုံကြသူများ ဂျူး - ကျွန်မ၏သစ်ပင် ဂျူး -ကြယ်ကြွေတို့အတောင်ပံ ဂျူး - ကျွန်မချစ်တြဲ့မို့တစ်မြို့ ဂျူး - ချစ်သူရေးတဲ့ကျွန်မ၏ည ဂျူး - မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက် ဂျူး - ကြယ်စင်တံတားကမ်းပါးနှင်းဖြူ ဂျူး-ဆဲတတ်သူများနှင့် တစ်ညနေ ဂျူး- ကျွန်မတို့မိန်းမတွေ - ၀တ္ထုတို ဂျူး - ရဲရင့်သော နှလုံးသား-၀တ္ထုတို ဂျူး - တွေ့ချင်လှပြီ-၀တ္ထုတို ဂျုး - အ၀ါရောင်ရထား (၀တ္ထုတို) ဂျူး - ရေမျောသီး - ၀တ္ထုတို ဂျူး - ဖျားနေတဲ့မြို့-၀တ္ထုတို ဂျူး - နာမည်နဲ့အသက်-၀တ္ထုတို ဂျူး - မိန်းမနှစ်ယောက်-၀တ္ထုတို ဂျူး - အနှပညာရှင်များနဲ့စံလက်ရာများ - ၀တ္ထုတို ဂျူး - ကောင်းကင်မပါသောည (၀တ္ထုတို) ဂျူး - သူတို့တွန်းအားကြောင့်ကျွန် တော်လုပ်မိသွားတာပါ ဂျူး - မြရဲ့လ-၀တ္ထုတို ဂျူး - ကမ္ဘာမြေရဲ့ချစ်သူ

Blog Archive

Best Blogspot Templates 2013